Pages

Pages

တပ်ကုန်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့) မှ စားနပ်ရိက္ခာများ လှူဒါန်း


တပ်ကုန်း၊ အောက်တိုဘာ ၁၆

ပြည်ထောင်စူနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား အောင်ဇေယျရပ်ကွက်ရှိ မြို့လယ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌  WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ ရိက္ခာများ ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။

WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) မှ ထောက်ပံ့သော လူတစ်ဦးလျှင် ဆန် ၁၅ ကီလိုဂရမ် (၇ ပြည် ၄ ဗူး)၊ အာဟာရဖြည့်ဘီစကစ်  ၁၅  ထုပ်၊  ကိုယ်ဝန်ဆောင် (သို့မဟုတ်) နို့တိုက်မိခင်တစ်ဦးလျှင် ဖြည့်စွက်အာဟာရမှုန့် ၁.၅ ကီလိုဂရမ်ပါ ၂ ထုပ်၊ ၆ လမှ ၅၉ လ အရွယ် ကလေးငယ်တစ်ဦးလျှင် ဖြည့်စွက်အာဟာရမှုန့် (နို့ပါဝင်သော) ၁.၅  ကီလိုဂရမ်ပါ ၂ ထုပ် နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ ထောက်ပံ့သော လူတစ်ဦးလျှင် ဆပ်ပြာ ၁ တုံးစီတို့အား မြဝတီရပ်ကွက်မှရေဘေးသင့်အိမ်ထောင်စု ၂၇၁ စုတို့မှ အသက် ၅ နှစ်အထက် လူဦးရေ ၁၀၉၁ ဦး၊ အသက် ၅ နှစ်အောက် ကလေး ၃၂ ဦး၊ ကိုယ်ဝန်ဆောင် / နို့တိုက်မိခင် ၈ ဦး၊ စုစုပေါင်းလူဦးရေ ၁၁၃၁ ဦးနှင့် အောင်ဇေယျရပ်ကွက်မှ အိမ်ထောင်စု  ၃၇၅ စုမှ အသက်  ၅ နှစ်အထက် လူဦးရေ ၁၄၄၅ ဦး၊ အသက် ၅ နှစ်အောက် ကလေး ၃၅ ဦး၊ ကိုယ်ဝန်ဆောင်/  နို့တိုက်မိခင် ၁၀ ဦး၊ စုစုပေါင်း ၁၄၉၀ ဦးတို့အား  WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်)မှ မန်နေဂျာ ဦးကိုကိုလွင်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


တင့်တင့်ခိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment