Pages

Pages

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် Appreciation Dinner, Selangor International Business Summit 2024 သို့ တက်ရောက်




ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၈

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် Invest Selangor Berhad မှ  ၁၅−၁၁−၂၀၂၄ ရက် ညနေပိုင်းတွင် The Majestic Hotel Kuala Lumpur ၌ ကျင်းပပြုလုပ်ခဲ့သည့် Selangor International Business Summit 2024 ညစာစားပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါညစာစားပွဲ အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် ဆီလန်ဂေါပြည်နယ်၏ ဝန်ကြီးချုပ် YAB Dato’ Seri Amirudin Bin Shari ၊ ဆီလန်ဂေါပြည်နယ်၏ ရင်းနှီးမြုပ်နှံမှု နှင့် ကုန်သွယ်ရေးဆိုင်ရာ အမှုဆောင်ကောင်စီဝင် YB Tuan Ng Sze Han နှင့် ကွာလာလမ်ပူမြို့ အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment