Pages

Pages

အိန္ဒိယနိုင်ငံ Bharatiya Janata Party(BJP) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ထိတွေ့ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ ဆွေးနွေး







နေပြည်တော်၊ နိုဝင်ဘာ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ ကမ္ဘာ့တောင်ဘက်ပိုင်းဆိုင်ရာ ဘူမိဘောဂဗေဒ ဗဟိုဌာန (COGGS) ၏ အကြံပေးကောင်စီနှင့် ကမ္ဘောဒီးယားနိုင်ငံ Asian Vision Institute ၏ အကြံပေး၊ နိုင်ငံခြားရေးရာ ဝါရင့်သတင်းစာဆရာ‌ဟောင်းဖြစ်သူ Mr.Atul Aneja အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာတွင် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ၊ Bharatiya Janata Party(BJP) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ထိတွေ့ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ၎င်း၏မီဒီယာဆိုင်ရာအတွေ့အကြုံများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးအောင်စိုး၊ ဦးအေးလွင်နှင့် ဦးမြင့်ကိုကိုတို့ တက်ရောက်ခဲ့ကြပြီး အိန္ဒိယနိုင်ငံ၊ ဝါရင့်သတင်းစာဆရာ  Mr.Atul Aneja နှင့်အတူ အဖွဲ့ဝင်(၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment