Pages

Pages

ရုရှားသမ္မတ ပူတင် နှင့် ဒေါ်နယ်ထရမ့် ဆွေးနွေးနိုင်ခြေရှိ



နယူးယော့ခ်၊ နိုဝင်ဘာ ၈

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က NBC ကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် စကားမပြောရသေးကြောင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သော်လည်း ၎င်းကို ပယ်ချခြင်းမပြုပေ။

"ငါတို့စကားပြောရလိမ့်မယ်ထင်တယ်" ဟု သူကပြောသည်။

ရွေးကောက်ခံသမ္မတသည် ဗလာဒီမာဇယ်လင်စကီးနှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၇၀ ခန့်နှင့် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

သူနဲ့ ထွက်ခွာသွားတဲ့ သမ္မတ ဂျိုးဘိုင်ဒင် တို့ဟာ မကြာခင် ညစာအတူစားဖို့ သဘောတူခဲ့တယ်လို့ ထရမ့် က ထပ်လောင်းပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုတွင် သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်က ကျင်းပခဲ့ပြီး ဒေါ်နယ်ထရမ့် အနိုင်ရရှိခဲ့သည်။ ဒီမိုကရက်တစ်သမ္မတလောင်း ကမလာ ဟားရစ် သည် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် နိုဝင်ဘာ ၇ ရက်က Valdai International Discussion Club ၏ မျက်နှာစုံညီအစည်းအဝေးတွင် အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရသည့် ဒေါ်နယ်ထရန့်ကို ချီးကျူးဂုဏ်ပြုခဲ့သည်။ "အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သူ့ရဲ့အောင်ပွဲအတွက် ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်ပြည်သူတွေရဲ့ ယုံကြည်စိတ်ချရတဲ့ ဘယ်နိုင်ငံ့ခေါင်းဆောင်နဲ့မဆို လက်တွဲဆောင်ရွက်မယ်လို့ ပြောထားပြီးသားပါ” ဟု ရုရှားခေါင်းဆောင်က ပြောကြားခဲ့သည်။


Ref - TASS

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment