Pages

Pages

မြောက်ကိုရီးယားက ရုရှားဘက်ကပဲ ရပ်တည်မယ်ဟု ကင်ဂျုံအန် ပြောကြား


၃၀ - နိုဝင်ဘာ ( စနေနေ့)

မြောက်ကိုရီးယားအစိုးရပိုင် သတင်းစာဖြစ်သည့် KCNA တွင် ခေါင်းဆောင်ကြီး ကင်ဂျုံအန်က ရုရှားဘက်ကနေ ဆက်လက်ရပ်တည် ထောက်ခံသွားမည်ဟု ပြောကြားလိုက်ကြောင်းကို ဖော်ပြပါရှိပါသည်။ 

မြောက်ကိုရီးယား နိုင်ငံနှင့် ရုရှားနိုင်ငံတိုhအပေါ် အနောက်အုပ်စု နိုင်ငံများက ရန်လိုမှုများ ဖြစ်ပေါ်နေသဖြင့် တိုင်းပြည်ကာကွယ်ရန် အတွက် ရုရှားနိုင်ငံနှင့် ဆက်လက်လက်တွဲသွားလိုခြင်းဖြစ်ကြောင်း ဆိုပါသည်။ မနေ့က ပြုံးယမ်သို့မြိုရောက်ရှိ လာခဲ့သည့် ရုရှား ကာကွယ်ရေးဝန်ကြီးနှင့် ကင်ဂျုံအန်တို တွေ့ဆုံမှုတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။ 

တစ်ဖက်က တိုက်ခိုက်ခံရပါက တစ်ဖက်က “စစ်ဘက်နှင့် အခြားအကူအညီများကို ကြန့်ကြာမနေဘဲ ၎င်း၏လက်ဝယ်တွင် အလုံးစုံ ပံ့ပိုးပေးမည်” ဟု ပြဋ္ဌာန်းထားသည့် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ်ကို ဇွန်လတွင် လက်မှတ်ရေးထိုးပြီးနောက် ရုရှားနှင့် မြောက်ကိုရီးယားကြား ဆက်ဆံရေးသည် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။  

အနောက်နိုင်ငံများနှင့် ယူကရိန်းတို့၏  "မဆင်မခြင် စစ်ရေးစွန့်စားမှု" အား ကင်ဂျုံအန်က ရှုတ်ချခဲ့ပြီး ထွန်းကားလာသည့် ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးခဲ့ပါသည်။  “မိမိကိုယ်ကို ခုခံကာကွယ်ခွင့် နှင့် ရန်လိုသော အင်အားစုများကို ပေးချေရန် ပြတ်ပြတ်သားသား အရေးယူပိုင်ခွင့် ရှိသည်” ဟု မြောက်ကိုရီးယား ခေါင်းဆောင်က ပြောကြားခဲ့သည်။


REF: RT

#MyanmarNationalPost 

No comments:

Post a Comment