Pages

Pages

ကော့သောင်းမြို့သို့ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပြန်လည်ဝင်ရောက်




ကော့သောင်း၊ နိုဝင်ဘာ ၂၉

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများအား ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ၊ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် တာဝန်ရှိအဖွဲ့အစည်းများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသား (၁၅၈)ဦး၊ အမျိုးသမီး(၃၀)ဦး စုစု‌ပေါင်း (၁၈၈)ဦး ကော့သောင်းမြို့၊ ဘုရင့်နောင်ဆိပ်ကမ်း အမှတ်(၂) သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

အဆိုပါ နေရပ်ပြန်များအား သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် NGO အဖွဲ့အစည်းများက နေရပ်ပြန်များအား လက်ခံဆောင်ရွက်ခဲ့ကြရာ လိုအပ်သည်များ ပြောကြားခဲ့ပြီး နဝရတ်အားကစားခန်းမတွင် ကျန်းမာရေးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုပေး၍ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပြန်လည်ဝင်ရောက်လာသူများကို ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်းနှင့် လိုအပ်သည်များ စစ်ဆေးဆောင်ရွက်၍ မိမိတို့နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment