Pages

Pages

၁၆နှစ်အောက် ဆိုရှယ်မီဒီယာ မသုံးရဥပဒေကို ဩစတေးလျှ က ကမ္ဘာ့ ပထမဆုံးပြဋ္ဌန်းနိုင်ခဲ့


လာမယ့် ၂၀၂၅ ခုနှစ်ကနေစပြီး ဩစတေးလျှနိုင်ငံအတွင်း အသက်၁၆ နှစ်အောက် လူငယ်အားလုံး ဆိုရှယ်မီဒီယာတွေကို သုံးခွင့် မရှိကြောင်း လွှတ်တော်က ဒီကနေ့(၂၀၂၄၊ နိုဝင်ဘာ ၂၈) ရက်နေ့မှာ ပြဋ္ဌန်းလိုက်ပါတယ်။ 

ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ ဖေ့ဘုတ်၊ အိတ်စ် ( ယခင်တွစ်တာ )၊ အင်စတာဂရမ်၊ တစ်တော့၊ စနပ်ချက်၊ ရက်ဒစ် စတဲ့ နာမည်ကြီးတွေအပြင် မည်သည့် ဆိုရှယ်မီဒီယာကိုမှ မိဘတွေ ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်သည်ဖြစ်စေ သုံးခွင့်မပြုပါဘူး လို့ ဥပဒေမှာ ပါရှိပါတယ်။ 

ဆိုရှယ်မီဒီယာတွေကလည်း အသက် ၁၆ နှစ်အောက် လူငယ်တွေကို အကောင့်ဖွင့်ခွင့်မပြုရပါဘူး၊ တကယ်လို့ ဖွင့်ခွင့်ပေးတယ်ဆိုတာကို စုံစမ်းသိရှိတာနဲ့ အမေရိကန်ဒေါ်လာ ၃၂ သန်း ဒဏ်ရိုက်မယ်လို့လည်း ဆိုထားပါတယ်။ 

အဲ့ဒါနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ကလေးသူငယ်အခွင့်အရေးအဖွဲ့များနဲ့ အကြီးအကျယ် အငြင်းအခုန်ဖြစ်ကြပေမဲ့ နောက်ဆုံး မဲခွဲတော့ ၇၇ ရာခိုင်နှုန်းအနိုင်နဲ့ ဥပဒေ အတည်ဖြစ်သွားပါတယ်။ 


Ref : Reuters

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment