Pages

Pages

ပုဂံသို့ ခရီးထွက်လာသည့် လူငယ်အဖွဲ့အား ဟိုတယ်ဝန်ထမ်းများမှ ဝိုင်းရိုက်သဖြင့် (၁)ဦး သေဆုံးကာ (၄)ဦး ဒဏ်ရာရ၊ ဟိုတယ် မန်နေဂျာပါ (၇)ဦး ဖမ်းဆီးထားကြောင်း သိရ



နေပြည်တော်၊ နိုဝင်ဘာ ၉ 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းဒေသသို့ ခရီးထွက်လာသည့် လူငယ်အဖွဲ့အား တည်းခိုသည့် ဟိုတယ်ဝန်ထမ်းများမှ ဝိုင်းရိုက်သဖြင့် (၁)ဦး သေဆုံးကာ (၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 


နိုဝင်ဘာလ (၃)ရက်က ပုဂံသို့ ခရီးထွက်လာသည့် လူငယ် (၇)ဦးသည် ပုဂံညောင်ဦး၊ ရွှေစည်းခုံ ဘုရားအနီး၊ အမှတ် (၇)၊ ဝက်ကြီးအင်းရပ်က Cheriland River House Hotel တွင် တည်းခိုခဲ့ကြောင်း၊ ဟိုတယ်၏ မြစ်ကမ်းနံဘေး၌ အဆိုပါ လူငယ် (၇)ဦးက Bluetooth box ဖွင့်ပြီး သီချင်းဖွင့်ကာ သီဆိုသည့်အတွက် ဟိုတယ်ဝန်ထမ်းများနှင့် စကားများခဲ့ပြီးနောက် လူငယ် (၇)ဦးအနက် (၅)ဦးသည် အခန်းသို့ ပြန်လာစဉ် အဆိုပါ ဟိုတယ် မန်နေဂျာနှင့်အဖွဲ့မှ သံတုတ်များဖြင့် ဝိုင်းရိုက်ခဲ့ကြောင်း သိရသည်။ 

အရိုက်ခံရသည့် (၅)ဦးအနက် မောင်ရဲထက်နိုင်ဆိုသူတွင် ဦးခေါင်းကြေမွကာ ကိုယ်ခန္ဓာပွန်းပဲ့ခြင်း၊ ညာဘက်ခြေထောက်ကျိုး ဒဏ်ရာရခြင်း စသည့်ဒဏ်ရာများရရှိခဲ့သောကြောင့် ညောင်ဦးဆေးရုံသို့ ပို့ဆောင်ရာ လက်မခံသဖြင့် မန္တလေးဆေးရုံသို ထပ်မံပို့ဆောင်ခဲ့ရာတွင် နိုဝင်ဘာလ (၅)ရက်က သေဆုံးသွားကြောင်း သိရသည်။ 

အခြားဒဏ်ရာရရှိခဲ့သူများမှာ ဝေယံထွန်းတွင် ဦးခေါင်း (၄)ချက်နှင့် ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာ၊ ထက်လွင်အောင် (သားထက်)တွင် ဦးခေါင်း (၇)ချက်၊ မျက်ခုံး (၄)ချက်နှင့် ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကာ  မင်းခန့်ဟိန်းတွင် ဦးခေါင်း (၁၆)ချက်၊ ခန္ဓာကိုယ်နှင့် ခြေထောက် ထိခိုက်ပွန်းပဲ့ဒဏ်ရာနှင့်  ဇော်မင်းထွန်းတွင် ဦးခေါင်း (၂၅)ချက်၊ ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာ စသည့် ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တည်းခိုခဲ့သူ လူငယ်(၅)ဦးကို ရိုက်နှက်ခဲ့သည့် ဟိုတယ်မန်နေဂျာအပါအဝင် လူ (၇)ဦးကို ဖမ်းမိထားကြောင်း သတင်းများအရ သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment