ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးတောင်သူများ တစ်ပိဿာ ၂၀၀၀ ကျပ် ရောင်းချနေရကာ မနှစ်ကထက် ဈေးနှုန်းပိုရနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးတောင်သူများ တစ်ပိဿာ ၂၀၀၀ ကျပ် ရောင်းချနေရကာ မနှစ်ကထက် ဈေးနှုန်းပိုရနေ

 



ညောင်ဦး ၊  နိုဝင်ဘာ  ၂၇


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးတောင်သူများ ပိန္နဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်း ကောင်းမွန်ကာ ဆွတ်ခူးရောင်းချချိန် တစ်ပိသာ ၂၀၀၀ ကျပ် ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်တောင်သူများ တွက်ခြေကိုက်သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း သိရသည်။


ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လဲဂွကျေးရွာ၊ လက်ပံအိုင့်ကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ လျော်တော၊ နဂါးလည်၊စီးမ၊ဆည် ကျေးရွာများသည် ထိုင်ဝမ်ပိန္နဲစိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကြောင်း၊ ထိုင်ဝမ်ပိန္နဲမျိုးပင်များအား ပြင်ဦးလွင်မြို့သို့ သွားရောက်ဝယ်ယူခဲ့ကြပြီး ပျိုးပင်တစ်ပင် ငါးထောင်ကျပ်မှ ကိုးထောင်ကျပ်ထိပေးဝယ်ပြီး စိုက်ပျိုးကြကြောင်း၊ တစ်ပင်နှင့်တစ်ပင် (၁၂) ပေခြား စိုက်ပျိုးရပြီး၊ မစိုက်ပျိုးမီ တစ်ပေခွဲပတ်လည်တူးကာ မြေဆီမြေဆွေးထည့်ပြီး ဆယ်ငါးရက်ခန့် ရေလောင်းနှပ်ထားရကြောင်း လဲဂွကျေးရွာ ထိုင်ဝမ်ပိန္နဲစွန့် ဦးစိုက်ပျိုးသူ ဦးသောင်းတင်ထံမှ သိရသည်။


ထိုင်ဝမ်ပိန္နဲပင်များ စတင်စိုက်ပျိုးပြီး တစ်နှစ်ခွဲခန့်အကြာတွင် စတင်အပွင့်ပွင့် အသီးသီးသော်လည်း အသီးများ မတင်ပဲနှစ်နှစ်ခွဲသားအပင်မှသာ အသီးစတင်ကြောင်းသိရသည်။


ထိုင်ဝမ်ပိန္နဲပင်များ အရွယ်ရောက်လာသည့်အခါ ပိန္နဲပင်တစ်လျှင် ပိန္နဲသီးအနည်းဆုံး သုံးလုံးမှ အလုံးလေးဆယ်ထိသီးကြောင်း၊ ပိန္နဲသီးတစ်လုံး လေးပိဿာမှ ဆယ်လေးပိဿာထိရှိကြောင်း၊ ပိန္နဲသီးရောင်းချရာတွင် တစ်လုံးခြင်းမရောင်းချပဲ တစ်လုံးပိဿာချိန်အရှိအတိုင်းရောင်းချကြောင်းသိရသည်။ ထိုင်ဝမ်ပိန္နဲသီးများသည် တစ်နှစ်ပတ်လုံး အပွင့်ပွင့်၊ အသီးသီးကြောင်း၊ ပိန္နဲသီးရင့်မရင့် ခူးဆွတ်ချိန် အညှာအား ဓားထစ်ကြည့်ရကြောင်း ပိန္နဲအစေးကျဲလျှင် ရင့်မှည့်ကာ အစေးပျစ်လျှင် မရင့်သေးကြောင်း၊ ထိုင်ဝမ်ပိန္နဲစိုက်တောင်သူများက ရှင်းပြသည်။ ထိုင်ဝမ်ပိန္နဲသီးများသည် အိမ်မာသီးများဖြစ်ခြင်းကြောင့် စားသုံးသူများ အင်မတန်ကြိုက်ကြပြီး ပိန္နဲသီးပေါ်ချိန် စိုက်ခင်းအထိပိန္နဲသီးပွဲစားများ လာရောက်ဝယ်ကြကြောင်း၊ ထွက်ရှိလာသည့် ပိန္နဲသီးများအားလုံး အပြင်မရောင်းချရပဲ ပိန္နဲသီးပွဲစားများ စိုက်ခင်းထိလာရောက်ဝယ်ယူခြင်းကြောင့် ခရီးစရိတ်သက်သာခြင်း၊ မြို့ပေါ်ဖောက်သယ်မရှာရခြင်းများကလည်း ထိုင်ဝမ်ပိန္နဲစိုက်ပျိုး တောင်သူများအတွက် အခွင့်အရေးတစ်ရပ်လည်းဖြစ်ကာ ပိန္နဲသီးတစ်ပိဿာ ၂၀၀၀ ကျပ် ရောင်းချနေရကြောင်း မနှစ်က ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်သာ ရောင်းချရခြင်းကြောင့် ယခုနှစ် ထိုင်ဝမ်ပိန္နဲစိုက် တောင်သူများ ဝင်ငွေတွက်ခြေကိုက်နေကြကြောင်းသိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)