Pages

Pages

ပေါင်မြို့နယ်၌ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ






ပေါင်၊ နိုဝင်ဘာ ၂၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက  (အထက) ပေါင်  ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ  ကျောင်းသား၊ကျောင်းသူလေးများက ဇာတိမာန်တေးသီချင်းဖြင့် သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၄) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦထင်လင်းအောင်က ဖတ်ကြားခဲ့သည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသားကျောင်းသူလေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် နှင့် အဖွဲ့ဝင် တို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး  ကျောင်းသား၊ကျောင်းသူ များက မြန်မာ့ကျောင်းတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment