သာစည်မြို့နယ်တွင် သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များ ပြန်လည်ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ်တွင် သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များ ပြန်လည်ထောက်ပံ့ပေးအပ်




သာစည်  ၊ နိုဝင်ဘာ ၂၇


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များ ပြန်လည်ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။


ထောက်ပံ့ပေးအပ်ပွဲတွင် ရှေးဦးစွာ မြို့နယ်အဆင့် တိရစ္ဆာန်ထောက်ပံ့ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ထွန်းက ထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတာဝန်ခံ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်မိုးကျော်က ထောက်ပံ့ပေးအပ်မည့် ဝက်များအား လက်ခံရယူမည့်သူများသို့ ထောက်ပံ့ပေးအပ်မည့်ပုံစံအား ရှင်းလင်းတင်ပြဆွေးနွေးသည်။ ထို့နောက် ခရိုင်ဦးစီးမှူး၊ မြို့နယ်အဆင့်တိရစ္ဆာန် ထောက်ပံ့ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ကျေးရွာအဆင့် တိရစ္ဆာန်ထောက်ပံ့ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက နေရာယူကြပြီး ကျေးရွာ(၇)ရွာမှ ဝက်ပိုင်ရှင် ၃၃ ဦးတို့ထံ ဝက်ကောင်ရေ ၅၁ ကောင်ကို လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် လက်ခံရယူသည့် ကျေးရွာပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)