(၂၀၉)ကြိမ်မြောက်၊ ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာဗုဒ္ဓရှင်တော်မြတ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၀၉)ကြိမ်မြောက်၊ ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာဗုဒ္ဓရှင်တော်မြတ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

 



ကြံခင်း ၊  နိုဝင်ဘာ ၉


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက် ၊ ဒီပင်္ကရာဘုရားတန်ဆောင်းတော်တွင် ယမန်နေ့ညနေပိုင်းက (၂၀၉)ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာဗုဒ္ဓရှင်တော်မြတ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်တွင် ရေသပ္ပါယ်ခြင်း အခမ်းအနားကျင်းပကာ မြို့တွင်းသို့ ဒေသစာရီကြွချီအပူဇော်ခံကြောင်း သိရသည်။


ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာဗုဒ္ဓရှင်တော်မြတ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို  တန်ဆောင်မုန်းလဆန်း(၈)ရက်နေ့တွင် စတင်ကျင်းပပြီး၊ လဆန်း(၉)ရက်နေ့တွင် ဒီပင်္ကရာမြတ်ဗုဒ္ဓအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ ဘုရားဂေါပကအဖွဲ့များ၊ စေတနာရှင်ကြာသင်္ကန်းအလှူရှင်များက ရေသပ္ပါယ်ကြကာ အမွှေးနံ့သာရည်များ ဆက်ကပ်လှူဒါန်းကြပြီး၊ ရောင်ခြည်တော်ဖွင့်ပြီးနောက်၊ မြို့ပေါ်ရပ်ကွက်များသို့ နှစ်ကျိတ်ရှစ်ဆူသော ဘုရားများဖြင့် ဒေသစာရီကြွချီအပူဇော်ခံရာ စေတနာရှင်ပြည်သူများက ပန်း၊ ဆီမီး၊ လှူဖွယ်ဝထ္ထူအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။


ထိုသို့ အပူဇော်ခံကြွချီပြီးနောက်   မြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာမြတ်ဗုဒ္ဓဘုရားရှင်ကိန်းဝပ်စံပယ်ရာ မြို့မရပ်ကွက်၊ ဒီပင်္ကရာဘုရားတန်ဆောင်းအတွင်း အပူဇော်ခံမှာဖြစ်ပြီး၊ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့တွင် စေတနာရှင် အလှူရှင်များက ဒါနပါဝထ္ထူအစုစုတို့ဖြင့် မဲပို့လှူဒါန်းခြင်း၊ တန်ဆောင်းမုန်းလပြည့်နေ့ အရုဏ်တက်ချိန်တွင် ဆွမ်းဆက်ကပ်လှူဒါန်းပြီး နောက်ပါသံယာတော်(၂၃၀)ပါးဖြင့် မြို့တွင်းသို့ ဒေသစာရီကြွချီ အပူဇော်ခံမှာဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)