Pages

Pages

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်


မကွေး၊ နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ်သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(Training of Trainer) (TOT) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲရေးဌာနချုပ်မှူး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းပို့ချမည့် ဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း Video Clip အား ပြသခြင်းဆောင်ရွက်ကာ၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးတို့မှပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမ စုစုပေါင်း(၁၅၃)ဦး၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမ(၇)ဦး စုစုပေါင်း(၁၆၀)ဦး တက်ရောက်မည်ဖြစ်ကာ ဥပဒေချုပ်ရုံးမှ လက်ထောက်တိုင်းဒေသကြီးဥပဒေအရာရှိ(၇)ဦးတို့က နိုဝင်ဘာလ (၂) ရက်နေ့မှ  နိုဝင်ဘာလ (၁၃) ရက်နေ့အထိ ရက်သတ္တပတ် (၂)ပတ်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာ အထက်တန်းကျောင်း(၉၁၃)ကျောင်းရှိပြီး (၁)ကျောင်းလျှင် ဆရာ(၁)ယောက်နှုန်းဖြင့် (၉၁၃)ဦးအား သင်ကြားပေးမည်ဖြစ်သည့်အတွက် သင်တန်းတစ်ကြိမ်လျှင်(၁၅၀)ဦးခန့်ဖြင့် စုစုပေါင်းသင်တန်း (၆) ကြိမ် ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


မောင်ညီညာ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment