Pages

Pages

ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံ






နေပြည်တော်၊ နိုဝင်ဘာ ၂၅

ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ  ဦးလှဆွေ သည် တိုင်းကော်မတီဝင်များဖြစ်ကြသော စည်းရုံးရေးရာတာဝန်ခံ ဦးဖိုးသိန်း ၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သီတာထွေး၊ ဥပဒေရေးရာတာဝန်ခံ ဒေါ်ယဉ်မင်းမြင့်ဆွေ တို့နှင့်အတူ နိုဝင်ဘာ ၂၅ တနင်္လာနေ့ နေ့လည် ၁၂၀၀ အချိန် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ ငါးစဉ်းအင်းကျေးရွာမှ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဇေယျာသီရိခရိုင် ပါတီဥက္ကဋ္ဌ ဦးနွေနှင်းမောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်နိုင်မိုး၊ ခရိုင်နှင့်မြို့နယ် ကော်မတီဝင်များ၊ ဖြုတ်ခွဲကျေးရွာ ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသား ၂၈၀ ခန့် က ကြိုဆိုကြပြီး မြို့နယ်နှင့် ခရိုင် ပါတီ ဥက္ကဋ္ဌ များက မိတ်ဆက်စကားပြောကြားကြပြီး တိုင်းကော်မတီဝင်များက မိမိတို့  ကဏ္ဍအလိုက်အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ က နိုင်ငံ၏လက်ရှိဖြစ်ပေါ်တိုးတက်မှု့အခြေအနေများ၊ မိမိတို့ပါတီ၏ သဘောထားရပ်တည်ချက်များကို ဒေသခံများအား ရှင်းလင်းပြောဆို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ကို အပြည့်အဝ ထောက်ခံအားပေးသည့် ကျေးရွာဖြစ်ပြီး ကျေးရွာမှ တင်ပြချက်များကို အကြီးအကဲများထံ တင်ပြနိုင်ရေး  မှတ်တမ်းရယူပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment