Pages

Pages

ကျိုင်းတုံမြို့ အ.ထ.က(၂)တွင် ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်



ကျိုင်းတုံ  ၊ နိုဝင်ဘာ ၁၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်ဥပဒေချုပ်၏ ကြီးကြပ်မှုဖြင့် ကျိုင်းတုံခရိုင်ဥပဒေရုံးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူး(ရုံးခွဲ) ကျိုင်းတုံတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံပညာဆရာ/ဆရာမများ ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက Grade-11 နှင့် Grade-12 တွင် သင်ကြားပို့ချနေသည့် အခြေခံပညာဆရာ/ဆရာမများအနေဖြင့် ဥပဒေဆိုင်ရာ အသိပညာများ သိရှိနားလည်ပြီး ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဆိုင်ရာနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြန်လည်မျှဝေသင်ကြားပေးနိုင်ရန်နှင့် သိရှိလိုက်နာလာစေရန်အတွက် သင်တန်းမှပို့ချသည့် ဘာသာရပ်များကို လေ့လာမှတ်သားကြရန် အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ဥပဒေအရာရှိ ဦးဝင်းမောင်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယောင်း၊ မက်မန်းနှင့် မိုင်းလားခရိုင်များမှ အထက်တန်းပြဆရာ/ဆရာမ  ၆၅ ဦး တက်ရောက်ပြီး နိုဝင်ဘာ ၁၈ ရက်မှ ၂၈ ရက်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လူမှုရေးဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေများနှင့် ဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးတတ်စေရေး စသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment