အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၆၃)ကြိ်မ်မြောက် မိသားစုမဟာဘုံကထိန်အလှူတော်မင်္ဂလာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၆၃)ကြိ်မ်မြောက် မိသားစုမဟာဘုံကထိန်အလှူတော်မင်္ဂလာ ကျင်းပ

 


နေပြည်တော်၊ နိုဝင်ဘာ ၁၂

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၆၃)ကြိမ်မြောက် မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ပြုလုပ် ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓာန နာယက ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ တေဇဝန္တ အမှူးပြုသော သံဃာတာ်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက စွန်းလွန်းဂူ ကမ္မဋ္ဌာန်းကျောင်း ဆရာတော် ဘဒ္ဒန္တ အဂ္ဂမ္မောဘိဝံသ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာ တော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြ သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက သံဃာတော်များထံ ကထိန်လျာသင်္ကန်း နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓာန နာယကပြည်နယ်သံဃနာယကအဖွဲ့က ဥက္ကဋ္ဌ ဆရာတာ်ထံမှ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၆၃)ကြိမ်မြောက် မိသားစုမဟာဘုံကထိန် အလှူ တော်မင်္ဂလာတွင် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေ စုစုပေါင်း ငွေကျပ် ၂၀၃ သိန်းကျော် တန်ဖိုးရှိ ပဒေသာပင် ၉ ခုကို ဆက်ကပ်လှူဒါန်း နိုင်ခဲ့ပြီး အဆိုပါပဒေသာပင်များကို သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင် ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)