Pages

Pages

ICC ဝရမ်းကို နေတန်ယာဟု ကြောက်စရာမလိုဘူးလို့ ဆို


၂၈ - နိုဝင်ဘာ ( ကြာသပတေးနေ့ ) 

အစ္စရေးနိုင်ငံက နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC အဖွဲဝင်နိုင်ငံမဟုတ်တဲ့အတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး ဂေါ်လန်တိုကို စစ်ရာဇဝတ်မှုနဲ့ ICCက ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကို ကြောက်နေစရာ မလိုဘူးလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုလိုက်ပါတယ်။ 

မနှစ် အောက်တိုဘာလ ကနေ စပြီး ဂါဇာဒေသမှာရှိတဲ့ ပါလက်စတိုင်းတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကို  ICC မှာ တရာစွဲဆိုထားပါတယ်။ ICC ကလည်း နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီးတို့ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။ အဲ့ဒိဖမ်းဝရမ်းကို အမေရိကန်နဲ့ ဟန်ဂေရီတို့က ပယ်ချထားပါတယ်။ 

အဲ့ဒိစကားကို ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘာလိုထုတ်ပြန်တာလဲ ဆိုတော့ မနေ့က လစ်ဘနွန်က ဟစ်ဇဘိုလာလက်နက်ကိုင်အုပ်စုနဲ့ အစ္စရေးစစ်တပ်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို အပစ်ရပ်ရေးအတွက် အမေရိကန်နဲ့ ပြင်သစ်တို့က ပွဲစားလုပ်ပြီး ညှိနှိင်းနေတဲ့ အချိန်မှာ ICC နဲ့ ပတ်သက်ပြီး အီတလီက မေးခွန်းထုတ်လာလို့ပဲ ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၂၁ ရက်နေ့က နေတန်ယာဟု၊ အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်း နဲ့ ဟားမတ် ခေါင်းဆောင်တစ်ဦးကို ICC က စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ အဲ့ဒါက ပြင်သစ်တို့ဖက်က နေတန်ယာဟုနဲ့ အနီးကပ် ပတ်သက်မှုတွေ ရှိနေမှာဖြစ်ပြီး ဖမ်းဝရမ်းကို မှုစရာမလိုကြောင်း ထုတ်ပြန်ကြေညာတာပဲ ဖြစ်ပါတယ်။ ရလဒ်က ဟားမတ် ခေါင်းဆောင်တစ်ယောက်ပဲ ICC ဖမ်းဝရမ်းသက်ရောက်သွားပါတယ်။ 


REF: Reuter

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment