ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ကြီး အထွေထွေပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် ဘက်စုံလွှမ်းခြုံသော အစီအစဉ် (Master Plan) ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ကြီး အထွေထွေပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် ဘက်စုံလွှမ်းခြုံသော အစီအစဉ် (Master Plan) ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ နိုဝင်ဘာ ၉

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ကြီး အထွေထွေပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan) ရေးဆွဲနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အဆောက်အဦဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရွှေစည်းခုံစေတီတော်ကြီးသည် ရှေးဟောင်းလက်ရာ ကျန်ရှိမှုအဆင့် Grade 1 အဆင့်ဖြစ်ပြီး စေတီတော်ပရိဝုဏ်အတွင်းတွင် ပုဂံခေတ်ကာလကတည်းက ဘုရား၊ စေတီများ၊ ကျောက်စာအထောက်အထားများအပြင် ပုဂံခေတ်နောက်ပိုင်းကာလမှ ခေတ်အဆက်ဆက် လှူဒါန်းထားသည့် ခေါင်းလောင်းများ၊ ကျောက်သပိတ်များကို ယနေ့တိုင် တွေ့မြင်နိုင်ပါကြောင်း၊ ရွှေစည်းခုံစေတီတော်ကြီးအား မည်သည့်နေရာမှကြည့်ကြည့် မြင်ကွင်းတင့်တယ်သပ္ပာယ်စေရေး၊ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ရာတွင် အဆင်ပြေစေရေးအတွက် ဘက်စုံပြုပြင်ထိန်းသိမ်းခြင်းအစီအစဉ် (Master Plan) ရေးဆွဲဆောင်ရွက် သွားရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခဲ့ပါကြောင်း။

သို့ပါ၍ Master Plan ရေးဆွဲရေးဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် အထောက်အကူပြု ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် ကိုးကွယ်နိုင်ခြင်းအလို့ငှာ ရွှေစည်းခုံ စေတီတော်ကြီးကို တည်ထားခဲ့ရာ နှစ်ပေါင်းရာထောင်မက တည်တံ့ခိုင်မြဲစေရေးအတွက် ရှေးဟောင်းအမွေအနှစ်များကို ထိခိုက်မှုမရှိစေဘဲ မိမိတို့ကျွမ်းကျင်သော အတတ်ပညာ၊ အသိပညာ တို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်မှုများကို မိမိတို့၏ကုသိုလ်စိတ်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နှင့် ရွှေစည်းခုံစေတီတော်ကြီး၏ Master Plan ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မတိုင်မီ ရေးဆွဲပြီးစီး နိုင်ရေး ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ Master Plan ရေးဆွဲရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီးက Master Plan ရေးဆွဲရေးလုပ်ငန်းကော်မတီ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ မန္တလေးမြို့ ကုသိုလ်တော်ဘုရား ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့မှုမှတ်တမ်းများနှင့်နှိုင်းယှဉ်၍ အကြံပြု ဆွေးနွေးတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌက Master Plan ရေးဆွဲရေးနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်သင့်သော အကြံပြုချက်များကို ဆွေးနွေးတင်ပြပြီး ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် (Master Plan) ရေးဆွဲရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအဖွဲ့ လေးဖွဲ့က ဆောင်ရွက်ထားမှုအခြေအနေ တို့ကို အဖွဲ့လိုက် အသေးစိတ်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)