အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) ဒုတိယအကြိမ် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) ဒုတိယအကြိမ် အစည်းအဝေးကျင်းပ


နေပြည်တော်၊ နိုဝင်ဘာ ၁

အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီ (NAQAC) ဒုတိယအကြိမ်အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က AUN-QA Guidelines စာအုပ်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် Opera-tional Level အထိ အဆင့်လိုက်ပါဝင်အောင် ပြုစုနေပြီဖြစ်ကြောင်း၊ ဒီဇင်ဘာလအတွင်း ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်များအားလုံးသို့ ထုတ်ဝေဖြန့်ချိစေလိုကြောင်း၊ NAQAC First Engagement Forum ကို နေပြည်တော်တွင် ကျင်းပသည့်အခါ ထိရောက်စွာ ဆွေးနွေးပြောဆိုနိုင်သည့် အစီအစဉ်များပါဝင်စေရန် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ရလဒ်အခြေပြုအချက်အလက်များ (Evidence-based Data) ကောက်ယူကာ ရလဒ်အခြေပြုဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် NAQAC က ဦးဆောင်ရန် တာဝန်ရှိကြောင်း၊ ပြုစုထားသောပုဂ္ဂလိကကျောင်းများ ဆန်းစစ်အကဲဖြတ်လွှာပုံစံကို ဆွေးနွေးအကြံပြုစေလိုကြောင်း ပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲဖြတ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးအတည်ပြုကြသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အရည်အသွေးအာမခံမှု လုပ်ငန်း အကောင်အထည်ဖော်မှု ကျွမ်းကျင်သူဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။     


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)