Pages

Pages

ပုဂံမြို့သစ်ရှိ ကဗျာညစားသောက်ဆိုင်အတွင်း လက်နက်ကိုင်ဆောင်ပြီး ဝင်ရောက်လာသော PDF အကြမ်းဖက်သမားများက ဝိုင်းရိုက်ရာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရ


ညောင်ဦး၊ နိုဝင်ဘာ ၂၅

ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်ရှိ ကဗျာညစားသောက်ဆိုင်သို့ ၂၄-၁၁-၂၀၂၄ ရက်နေ့ ၀၉:၂၀ အချိန်ခန့်တွင် PDF အကြမ်းဖက်သမား ၄ဦး ပစ္စတိုသေနတ်ကိုယ်စီ ကိုင်ဆောင်ကာ ဆိုင်အတွင်း ဝင်ရောက်လာပြီး ဆိုင်ရှင် မင်းမင်းအောင် အား သေနတ်ဒင်ဖြင့်ထုရိုက်၍ လက်ထိပ်ခတ် ဖမ်းခေါ်စဉ် ဆိုင်ရှိ ဝန်ထမ်းများနှင့် အခြားသူများမှ ပြန်လည် ဝိုင်းရိုက်၍ ဖမ်းကြရာ PDF အကြမ်းဖက်သမားများ ထွက်ပြေးသွားခဲ့သည်။ 

အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေး ဝိုင်းလိုက်ကြရာ ပုဂံမြို့သစ်၊ မြို့ရှောင်လမ်း၊ မြေသားနှင့် ကတ္တရာလမ်းဆုံရာ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်ထိပ်ရှိ ညောင်ပင်ကြီးအနီး ရောက်ရှိစဉ် PDF အကြမ်းဖက်သမားများက လက်ပစ်ဗုံးနှင့်ပစ်၍ ပြေးသဖြင့် အနီးရှိ ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာနေ ကိုအောင်ပိုင်ဦးတွင် ဗုံးစပန်နာစ ထိမှန်၍ ဝဲဘက်ခြေသလုံးတွင်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆိုင်ရှင် မင်းမင်းအောင်မှာ PDF အကြမ်းဖက်သမားများက သေနတ်ဒင်ဖြင့် ထုရိုက်သဖြင့် နောက်စေ့ တစ်လက်မခန့်ကွဲ(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သိရသည်။ 

ထွက်ပြေးသွားသည့် PDF အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment