Pages

Pages

ကွတ်ခိုင်မြို့ရှိ TNLA အကြမ်းဖက်အဖွဲ့ ခိုလှုံရာနေရာများအား လေကြောင်းမှ ရှင်းလင်းဆောင်ရွက်






နေပြည်တော်၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ရှိ TNLA အကြမ်းဖက်အဖွဲ့ အကောက်ခွန်ရုံးနှင့် အထိုင်ချရာ နေရာများကို တပ်မတော်မှ လေကြောင်းဖြင့် သုံးကြိမ်တိုင် ရှင်းလင်းခဲ့ကြောင်း သိရသည်။ 

ယနေ့ နိုဝင်ဘာလ (၁)ရက် နံနက် (၃)နာရီ (၂၈)မိနစ်၊ (၃၃)မိနစ်နှင့် (၃၅)မိနစ်တို့တွင် ကွတ်ခိုင်မြို့အထွက်ရှိ အကောက်ခွန်ရုံးနှင့် မီးသတ်ရုံး အနီးတစ်ဝိုက်ကို တပ်မတော်မှ လေကြောင်းဖြင့် သုံးကြိမ်တိုင် ရှင်းလင်းခဲ့သည်။

ယင်းသို တပ်မတော်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး အပါအဝင် ဗုံး (၁၀)လုံးကျော်ဖြင့် ရှင်းလင်းမှုကြောင့် အကောက်ခွန်ရုံး၊ နတလရုံးတွင်၊ မူးယစ်ရုံးအနီး စီမံကိန်းရုံးနှင့် ဦးလှမင်းဦးခြံအပါအဝင် နေရာအများအပြားတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။ 

၎င်းဗုံးပေါက်ကွဲမှုများကြောင့် အကောက်ခွန်ရုံးတွင် ရှိနေသည့် TNLA အကြမ်းဖက်သမား တစ်ဦး သေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိကာ အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ 


https://www.mmnationalpost.com/2024/11/blog-post_38.html

No comments:

Post a Comment