ရန်ကုန်၊ နိုဝင်ဘာ ၂၂
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA( ဗဟို ) ဥက္ကဋ္ဌ၏ လမ်းညွန်ချက်အရ အမျိုးသားနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ရန်ကုန်တိုင်းအသင်းသူ၊ အသင်းသားများမှ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ တပ်တော်အရိုးအထူးကုဆေးရုံကြီး ခုတင်(၅၀၀)တွင် အရေးပေါ်လိုအပ်လျှက်ရှိသော သွေးအမျိုးအစားများအား ဇီဝိတဒါနအလှူရှင် (၄၀)ဦးတို့မှ A+ ၇ လုံး၊ B+၅ လုံး၊ O+၉ လုံး၊ AB +၇ ၊B ၅ ၊A ၇ ၊စုစုပေါင်း(၄၀)လုံးတို့အား ၂၂.၁၁.၂၀၂၄ ရက်နေ့ နံနက်(၉း၀၀)နာရီစ၍ သွားရောက်လှူဒါန်းမှု ပြုလုပ်ခဲ့ကြသည်။
သွေးလှူဒါန်းခြင်းအား ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA အတွင်းရေးမှူး၊ လူငယ်ကင်းထောက်တာဝန်ခံ ဦးရန်လင်းအောင် ဦးဆောင်သော အသင်းသားများ/အဖွဲ့ဝင်များမှ လှူဒါန်းပေးခဲ့ကြပြီး ဒုတိယတပ်မှူးကြီး ခင်ဇော်ဟိန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ အခမ်းအနားကို နေ့လယ်(၁၂ ၀၀)နာရီ အချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment