Pages

Pages

ရွှေတောင်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၂၁၈၂၂ ဧက လျာထားစိုက်ပျိုးပြီးစီး



ရွှေတောင်  , ဒီဇင်ဘာ ၂၆


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရန်အတွက် ဆီထွက်သီးနှံအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧက၂၁၈၂၂ လျာထားစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဆီထွက်သီးနှံစိုက်ပျိုး တောင်သူများကိုဒေသနဲ့ကိုက်ညီပြီး အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ကွင်းသရုပ်ပြပွဲများနဲ့ စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးအောင်ကပြောကြားသည်။


ရွှေတောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆီထွက်သီးနှံစိုက်ပျိုးမှုအနေဖြင့် မြေပဲ ၁၅၈၉၃ ဧက၊ နှမ်း ၅၁၉၄ ဧက၊ နေကြာ ၇၃၅ ဧက၊  စုစုပေါင်း ၂၁၈၂၂ လျာထားဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment