Pages

Pages

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်း (၈၀) ပြည့်နှစ်မြောက် ဗီယက်နမ် ပြည်သူ့တပ်မတော်ထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်



တဲလ်အဗီး၊ ဒီဇင်ဘာ ၁၅

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ly Duc Trung ၏ ဖိတ်ကြားချက် အရ တဲလ်အဗီးမြို့ရှိ Beit Amot Mishpat Tower တွင် ပြုလုပ်ခဲ့သည့် ၈၀ ပြည့်နှစ်မြောက် ဗီယက်နမ်ပြည်သူ့ တပ်မတော်ထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ တဲလ်အဗီးမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment