Pages

Pages

မတ်ပဲ အဝင်များလာခြင်းနှင့် ပြည်ပဝယ်ယူမှုနည်းပါးသွားခြင်းကြောင့် ဈေးနှုန်းကျဆင်းလာ


မန္တလေး၊ ဒီဇင်ဘာ ၂

မန္တလေး ပဲမျိုးစုံဈေးကွက် အတွင်း မတ်ပဲအသစ်များ အဝင် များပြားလာသည့်အပြင် ပြည်ပနိုင်ငံများက ဝယ်ယူမှု နည်းပါး သွားခြင်းတို့ကြောင့် မတ်ပဲ ဈေးနှုန်းများကျဆင်းလာကြောင်း မန္တလေးပွဲစားကုန်သည်စက်ပိုင် များ မဟာကထိန်တော်အသင်း က သိရသည်။

မတ်ပဲကို အဓိကဝယ်ယူနေ သော အိန္ဒိယနိုင်ငံမှ ၎င်းတို့ လိုအပ်ချက်ပမာဏပြည့်မီသွား ခြင်းကြောင့် အရေအတွက်လျှော့ ချဝယ်ယူလာခြင်း၊ မတ်ပဲများ ဈေးကွက်အတွင်းသို့ လှိုင်လှိုင် ဝင်ရောက်လာခြင်းတို့ တိုက်ဆိုင် ကာ ဈေးနှုန်းအနည်းငယ်ကျဆင်း လာခြင်းဖြစ်သည်။

“ဒီတစ်ပတ်အတွင်းမှာ ဈေး က အနည်းငယ်ကျလာတာ တွေ့ ရပါတယ်။ တစ်အိတ်ကို ငွေကျပ် သောင်းဂဏန်းလောက် ကျဆင်း လာပါတယ်။ အဓိကကတော့ အိန္ဒိယနိုင်ငံက ဝယ်ယူမှု လျှော့ချသွားတဲ့အတွက် ပြည်တွင်း ကုန်သည်တွေကလည်း ဈေးကို လျော့ချဝယ်ယူလာတယ်။ ပဲ တွေကလည်း ဈေးကွက်ထဲမှာ နည်းနည်းပေါလာတဲ့အတွက် ဖြစ်ပါတယ်။ အခုအနေအထား ကတော့ ဈေးနှုန်းက အေးနေဦး မှာပါ”ဟု အဆိုပါအသင်းက ကုန်သည် ဦးစိုးနိုင်က ပြောသည်။

မန္တလေး ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော် အသင်းရှိ မတ်ပဲဈေးနှုန်းများမှာ နိုဝင်ဘာ ၁၉ ရက်တွင် မတ်ပဲ သုံးတင်းဝင်တစ်အိတ်(ပိဿာ ၆ဝ)လျှင် ငွေကျပ် ၃၂၀ဝဝဝ- ၃၃ဝဝဝဝ ဝန်းကျင်မှ နိုဝင်ဘာ ၂၉ ရက်တွင် ငွေကျပ် ၃ဝဝဝဝဝ - ၃၂ဝဝဝဝ ဝန်းကျင်သို့ ဈေးနှုန်း ကျဆင်းလာပြီး အရောင်းအဝယ် အေးနေသည်။

မန္တလေးဈေးကွက်အတွင်း တွင် မတ်ပဲ စတင်ဝင်ရောက် လာသည့်ဒေသများ မတ္တရာ၊ စဉ့်ကူးနယ်ဒေသများဖြစ်ကြောင်း၊ ဆက်လက်၍ မုံရွာ၊ ရွှေဘို ၊ ပခုက္ကူ၊ မြင်းခြံဒေသများမှာ လည်း လှိုင်လှိုင်ထပ်မံထွက်ရှိလာမည်ဖြစ်ကြောင်း၊ မတ်ပဲကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် သြဂုတ်လ၌ စတင် စိုက်ပျိုးကာ ဇန်နဝါရီလတွင် လှိုင်လှိုင်ပေါ်ထွက်လေ့ရှိကြောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသ များဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးများတွင် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း လှိုင်လှိုင်ထွက်ပေါ်လေ့ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment