Pages

Pages

မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်း၏ စတုတ္ထအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပ


ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်း၏ စတုတ္ထအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက Video Message ပေးပို့၍ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်းကို ၂၀၂၀ ပြည့်နှစ် ဇွန် ၁ ရက်မှ စတင်တည်ထောင်ခဲ့ရာ ယခုဆိုလျှင် သက်တမ်း (၄) နှစ်ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီအနေဖြင့်လည်း လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများနှင့်စပ်လျဉ်းပြီး ဥပဒေဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသင်းသားများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အရည်အချင်းများ တိုးတက်စေရေးဆောင်ရွက်ကြရန်နှင့် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းတာဝန်များကို ကျွမ်းကျင်မှုဖြင့် ထိရောက်စွာ ထမ်းဆောင်နိုင်ကြသူများအဖြစ် အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသဘာပတိအသင်း၏ဥက္ကဋ္ဌ ဦးမိုးကျော်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး အသင်းတာဝန်ရှိသူများက အသင်း၏ ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ ပြင်ပစာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြအတည်ပြုခြင်း၊ ဒါရိုက်တာအဖွဲ့ဝင်များ အသစ်ခန့်အပ်ခြင်း၊ ပြင်ပစာရင်းစစ်ခန့်အပ်ခြင်းနှင့် အခကြေးငွေသတ်မှတ်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး အစည်းအဝေးသဘာပတိ ဦးမိုးကျော်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါအခမ်းအနားသို့ အသင်း၏ ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အသင်းဝင်များ တက်ရောက်ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment