Pages

Pages

ပေါင်မြို့နယ်၌ ရာသီဥထုအညွှန်းကိန်း သီးနှံအာမခံလုပ်ငန်း ရေကြီးနစ်မြုပ် ပျက်စီးခြင်းအတွက် လျော်ကြေးပေးအပ်ခြင်း ပြုလုပ်





ပေါင်၊ ဒီဇင်ဘာ ၃

မွန်ပြည်နယ် ၊ ပေါင်မြို့နယ်၌ ရာသီဥထုအညွှန်းကိန်း သီးနှံအာမခံလုပ်ငန်း ရေကြီးနစ်မြုပ် ပျက်စီးခြင်းအတွက် လျော်ကြေးပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲနိုင် က တောင်သူများအတွက် စိုက်ပျိုးသီးနှံတွေမှာ ကြုံတွေ့နိုင်တဲ့ သဘာဝဘေး အန္တရာယ်များကို အာမခံစနစ်နှင့် ကာကွယ်ထောက်ပံ့ပေးနိုင်ရေးအတွက် နိုင်ငံတကာအဆင့်အတန်းနှင့်အညီ ပိုမိုပြည်စုံပြီး တောင်သူများရဲ့ လိုအပ်ချက်နှင့်ကိုက်ညီတဲ့ သီးနှံအာမခံစနစ်ကို တီထွင် ဖန်တီးပေးပြီးလုပ်ဆောင်ပေးကြဖို့ လိုအပ်ပါကြောင်းအမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဒေါ်မိုးမိုးလွင် က တောင်သူများအ‌နေဖြင့်  ရာသီဥထုအညွှန်းကိန်းသီးနှံ အာမခံအကာအကွယ်ရရှိစေရန်အာမခံလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုပြောကြားခဲ့ပြီး၊ မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံ ဒေါ်မျိုးသဉ္ဇာလင်းက တောင်သူတွေအတွက်အကျိုးခံစားခွင့် ရနိုင်သည့် ရာသီဉထုအညွှန်းကိန်းသီးနှံအာမခံကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့ကြာင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ပေါင်မြို့နယ်မှတောင်သူ (၁၀၉)ဦး အတွက် ဧကပေါင်း (၅၃၂) ဧကအတွက် လျော်ကြေးငွေ ကျပ်သိန်း (၁၅၉.၆၀၀) အားပေးအပ်ခဲ့ရာ တောင်သူများ၏ကိုယ့်စား တောင်သူ ဦးမြင့်ထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment