Pages

Pages

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ ဗောဓိရိပ်ငြိမ်တောရဆရာတော်အား ဖူးမြှော်ကြည်ညို၊ စက္ခုပါလ၊ စက္ခုဒါန၊ မျက်စိအလင်း (အခမဲ့)စမ်းသပ်ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှု့အားပေး



ဟင်္သာတ၊ ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ၁၂-၁၂-၂၀၂၄ ရက်နေ့က ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာနေဘုရင်ဘုရားကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်၍ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဗောဓိရိပ်ငြိမ်တောရဆရာတော်အား ဖူး‌မြှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဗောဓိရိပ်ငြိမ်ဆရာတော်ကြီး၏ သက်တော်(၆၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒေသခံပြည်သူများအား စက္ခုပါလ၊ စက္ခုဒါန၊ မျက်စိအလင်း (အခမဲ့)စမ်းသပ်ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှု့အားပေးခဲ့ပြီး လာရောက်ပြသကြသူများအား ရင်းရင်းနှီးနှီးလိုက်လံအားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment