Pages

Pages

မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး





ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်း ကျေး ရွာအုပ်စုရှိ ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာ နချုပ်၊နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာအုပ်စု၊ စံပယ်ခြံတပ် ဦးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။             

ဆေးကုသမှုများ ဆောင်ရွက်ပေးရာတွင် သံဃာတော်(၆)ပါး အပါဝင် ဒေသခံပြည်သူ စုစုပေါင်း (၁၃၅) ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။       

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများ က သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment