ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို




နေပြည်တော်၊ ဒီဇင်ဘာ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး ၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara - Ool ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့က နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြရာ ဦးစွာ နေပြည်တော်အမျိုးသားပြတိုက်သို့ ရောက်ရှိပြီး နေပြည်တော် အမျိုးသားပြတိုက် Mini Theatre ၌ တာဝန်ရှိသူများက ပြတိုက်သမိုင်း ကြောင်းကို ဗီဒီယိုမှတ်တမ်းဖြင့် ရှင်းလင်းပြသပြီး သမိုင်းမတင်မီ ခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ လက်ဆောင်ပစ္စည်းများပြခန်း၊ သီဟာ သနပလ္လင်ပြခန်းနှင့် နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်များပြခန်း တို့ကို လေ့လာကြည့်ရှုကြသည်။

ယင်းနောက် ကျောက်မျက်ရတနာပြတိုက်သို့ သွားရောက်လေ့လာကြရာ ပြတိုက်တာဝန်ရှိသူများက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းတစ်တုံးတည်းမှ ထွင်းထုထားသော ဥပ္ပါတသန္တိပုံစံတူ ကျောက်စိမ်းစေတီတော်၊ မြန်မာ့အကြီးဆုံး ပုလဲရတနာ၊ အရည်အသွေးမြင့် ကျောက်စိမ်းတုံးများ၊ ရှားပါးမြန်မာ့ တွင်းထွက်ရတနာများဖြစ်သည့် ပတ္တမြား၊ နီလာနှင့်အခြားအဖိုးတန်ကျောက်မျက်ရတနာများကို လိုက်လံ ရှင်းလင်းပြသကြပြီး ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ ပြခန်းအောက်ထပ်ရှိ ကျောက်မျက်ရတနာ အရောင်းဆိုင်များကို လေ့လာကြည့်ရှုကြသည်။

ညပိုင်းတွင် ဧည့်သည်တော်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိ မြို့နယ် ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြရာ တာဝန်ရှိသူများက မော်ကွန်း တိုက်၌ မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့်အောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု၊ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှု၊ သာသနာရေး ဆိုင်ရာ အခမ်း အနားကြီးများ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေများနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခဲ့မှုများကို ဗီဒီယိုမှတ်တမ်းဖြင့် ရှင်းလင်းပြသသည်။

ထို့နောက် ဧည့်သည်တော်အဖွဲ့သည် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူဖူးမြော်ကြည်ညိုကြပြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသော အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးနှင့် အဋ္ဌကထာဋီကာကျမ်းစာများကို စကျင်ကျောက်များပေါ်၌ ခေတ်မီ ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ထွင်းထုတည်ဆောက်ထားသည့် ကျောက်စာရုံစေတီတော်များကို စိတ်ဝင်တစား လေ့လာဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)