Pages

Pages

ပေါင်မြို့နယ်၌ ကျောင်းအခြေပြု တီဘီရောဂါလူနာရှာဖွေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်





ပေါင်၊ ဒီဇင်ဘာ  ၁၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ  ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေး အတွက် ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါ လူနာရှာဖွေကုသခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို  ဒီဇင်ဘာလ(၁၆) ရက်‌နေ့မှစတင်၍ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

တီဘီရောဂါရှာဖွေကုသခြင်းနှင့် အသိပညာပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာမင်းညွန့်ဝင်း၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများကအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ကာသလိပ်စစ်ရန်နှင့်ဓာတ်မှန်ရိုက်စစ်ဆေးရန် လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူတို့အားမြို့နယ်တီဘီတိုက်ဖျက်‌ရေးဌာနသို့လွှဲပြောင်းပေးခဲ့ကြပြီး ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


မွန်မလေး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment