Pages

Pages

အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခြင်းနှင့် လက်တွေ့သရုပ်ပြသ



အုတ်တွင်း ၊   ဒီဇင်ဘာ ၉


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသမီးများအသင်း(Woman Club)နှင့်ပူး‌ပေါင်း၍ကျောင်းသား/ကျောင်းသူများ ဗဟုသုတရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူပြုစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ရာတွင် ဆပ် ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပေးခြင်းကြောင့် တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုကိုရရှိစေပြီး မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့တစ်ခုဖြစ်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပြီး(Woman Club)အဖွဲ့နာယက ဒေါ်မြင့်မြင့်ဌေးက ဆပ်ပြာဆီပြုလုပ်နည်းအား လက်တွေ့သရုပ်ပြသပေးခဲ့သည်။

အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ (Woman Club)အသင်းနာယကနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် လာရောက်လေ့လာသူများ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ပြီးဆပ်ပြာဆီဘူးများ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။


ခင်ခင်မာ

https://t.me/MyanmarNationalPost

No comments:

Post a Comment