Pages
▼
Pages
▼
ရာဂိမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧရိယာများ၌ ပြန်လည်အစားထိုးစိုက်ပျိုးသည့် သီးနှံများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းသော ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများပေးအပ်ပွဲအခမ်းအနား ပြုလုပ်
ရေတာရှည် , ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် ရာဂိမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧရိယာများ၌ ပြန်လည်အစားထိုးစိုက်ပျိုးသည့် သီးနှံများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှလှူဒါန်းသော ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၄ ရက် နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းသော ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းမှ ဆတ်သေကျေးရွာအုပ်ချုပ်ရေးမှူးအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်ဝေက ဝဲဒေါင့်ကျေးရွာအုပ်ချုပ်ရေးမှူးအားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူး ဦးဌေးဝင်းအောင်မှ ကက္ကူကျေးရွာအုပ်ချုပ်ရေးမှူးအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရေတာရှည်
https://t.me/MyanmarNationalPost
No comments:
Post a Comment