Pages

Pages

ရုရှား နဲ့ ဆက်ဆံရေးကောင်းတွေကို ထူထောင်ပါမယ်လို့ ဂျီဟတ် အကြီးအကဲ ဆို


၂၀၂၄၊ ဒီဇင်ဘာ ၁၅ ( တနင်္ဂနွေနေ့ ) 

မော်စကိုအစိုးရ အနေနဲ့ သူတို့နဲ့တွဲပြီးအလုပ်တွေ ဆက်လုပ်သွားမယ်ဆိုရင် သူတို့အနေနဲ့ မော်စကို အစိုးရနဲ့ ဆက်ဆံရေးကောင်းတွေ ဖြစ်လာစရာတွေအများကြီး ရှိတယ်လို့ လက်ရှိ ဆီးရီးယားမြို့တော် ဒမတ်စကတ်ကို သိမ်းယူထားတဲ့ HTS ဂျီဟတ်အဖွဲ့ခေါင်းဆောင် အဘူ မိုဟာမတ်အယ်လ် ဂျူလာနီက ဆိုပါတယ်။ 

အစ္စတန်ဘူလ်အခြေစိုက် ဆီးရီးယားတီဗီချန်နယ်နှင့် စနေနေ့က တွေ့ဆုံမေးမြန်းခန်းတွင် “ဆီးရီးယားခေါင်းဆောင်များသည် ရုရှားအား ရန်စခြင်းကို ရှောင်ရှားရန် စိတ်အားထက်သန်ပါတယ်” လို့ အယ်လ်ဂျူလာနီက ပြောပါတယ် ။

အယ်လ်ဂျူလာနီက ဆီးရီးယားအစိုးရသစ်သည် ရုရှားနိုင်ငံအား "ဘုံအကျိုးစီးပွားကို ဖော်ဆောင်သည့် နည်းလမ်းဖြင့် ဆီးရီးယားနှင့် ဆက်ဆံရေးကို ပြန်လည်အကဲဖြတ်ရန် အခွင့်အရေးကို ပေးဆောင်ရန် ဆန္ဒရှိကြောင်း" ကိုလည်း ပြောပါတယ်။ အဲ့ဒါနဲ့ တပြိုင်နက် အခြားနိုင်ငံများနှင့် ဆက်ဆံရေးကို ဂရုတစိုက် စီမံခန့်ခွဲပါမယ်လို့လည်း ဆိုပါတယ်။ 

လက်ရှိရရှိထားတဲ့ သတင်းများအရ ရုရှားစစ်တပ်တွေက ဆီးရီးယားမှာ ယာယီလုံခြုံရေး အာမခံ ရှိနေပြီး ပုံမှန် လည်ပတ်နေဆဲ လို့ သိရပါတယ်။ ဆီးရီးယားနိုင်ငံ အနောက်ဖက် မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ခါမိုင်မင်းလေတပ်စခန်းနှင့် တာတက်မြို့ ရှိ ထောက်ပံ့ပို့ဆောင်ရေးစင်တာသည်  ၂၀၁၇ မော်စကိုအစိုးရနဲ့ ဒမတ်စကတ် အစိုးရတို့ကြား ၄၉ နှစ်ကြာတပ်စွဲထားရန် သဘောတူညီမှုရှိခဲ့ပါတယ်။ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မီခေးလ်ဘော့ဒါနောဗ် ရဲ့ အဆိုအရ ရုရှားသံတမန်များက အဲဒီတပ်စွဲထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး  HTS နိုင်ငံရေးကော်မတီနှင့် ဆွေးနွေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။


REF: RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment