Pages

Pages

ခရစ္စမတ်ကာလ အပစ်ရပ်ရေးကို ဇီလန်စကီးပယ်ချ


၂၀၂၄၊ ဒီဇင်ဘာ ၁၂ ( ကြာသပတေးနေ့) 

ယူကရိန်းနိုင်ငံသည် ခရစ္စမတ်အပစ်အခတ်ရပ်စဲရေးနှင့် ရုရှားနှင့် စစ်သုံ့ပန်းများ လဲလှယ်ရန် ယူကရိန်းကို အကြံပြုခဲ့သော်လည်း ဗလာဒီမာ ဇယ်လန်စကီးက ယင်းငြိမ်းချမ်းရေးအစီအစဉ်ကို ပယ်ချခဲ့ကြောင်း ဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြောကြားခဲ့သည်။

"ဟန်ဂေရီ အီးယူ ဥက္ကဋ္ဌရာထူး ပြီးဆုံးချိန်မှာ၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုအသစ်တွေ လုပ်ခဲ့ပါတယ်။ ခရစ္စမတ် အပစ်အခတ်ရပ်စဲရေးနဲ့ အကျဉ်းသားတွေ အကြီးစားလဲလှယ်ဖို့ အဆိုပြုခဲ့ပါတယ်။ သမ္မတ ဇီလန်စကီး က ဒါကို ရှင်းရှင်းလင်းလင်း ပယ်ချလိုက်ပါတယ်။ အဲ့ဒိအတွက် စိတ်မကောင်းပါဘူး ။ ကျွန်တော်တို့ တတ်နိုင်သလောက် လုပ်ခဲ့ပါတယ်"လို့ အော်ဘန်က သူရဲ့အိတ်စ်မီဒီယာ ( ယခင်တွစ်တာ) တွင် ရေးသားခဲ့သည်။

ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် အော်ဘန်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ သည်။ သူတို့စကားဝိုင်း၏ အဓိကအကြောင်းအရာတစ်ခုမှာ ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန် နည်းလမ်း များဖြစ် သည်။ စကားပြောဆိုမှုအပြီးတွင် အော်ဘန် သည် ယူကရိန်းတွင် ၎င်း၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တာဝန်ကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဟန်ဂေရီအစိုးရက အတည်ပြုခဲ့သည်။ တနင်္လာနေ့က ၀န်ကြီးချုပ်သည် ဖလော်ရီဒါရှိ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်အိမ်ကို သွားရောက် အလည်အပတ်လာရောက်စဉ် နှင့် အစောပိုင်းရက်များတွင် ဗာတီကန်၌ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် နှင့် တွေ့ဆုံစဉ်တွင်လည်း ယင်းပြဿနာကို ဆွေးနွေးခဲ့သည်။


REF - Tass

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment