Pages

Pages

မြန်မာသံအမတ်ကြီးနှင့် ဘရပ်ဆဲလ်မြို့ရှိ ဗင်နီဇွဲလားသံအမတ်ကြီးတို့ တွေ့ဆုံ


ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂

 မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့ရှိ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ဥရောပသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလားသံအမတ်ကြီး H.E. Mr. Jorge Hidalgo VALERO BRICEÑO နှင့် ၂၉-၁၁-၂၀၂၄ ရက်တွင် ဗင်နီဇွဲလားသံရုံး၌ တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးမှ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ဗင်နီဇွဲလားသံအမတ်ကြီးမှ ဗင်နီဇွဲလားနိုင်ငံတွင် ၂၀၂၄ ခုနှစ်က ကျင်းပပြီးစီးခဲ့သော သမ္မတ ရွေးကောက်ပွဲအတွေ့အကြုံများနှင့်ပတ်သက်၍ ပြန်လည်မျှဝေ ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့အတူ သက်ဆိုင်ရာနှစ်နိုင်ငံ၏ ဥရောပသမဂ္ဂနှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အခြေအနေများအပေါ်တွင်လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment