Pages

Pages

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်








ဒဂုံတောင်၊ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်၊ ပုလဲရတနာလမ်း၊ မြို့နယ်အားကစားကွင်းရှိ ခန်းမ၌ ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ပြည်သူ့ဆေးရုံကြီးမှ နယ်လှည့်ဆေးကုသရေး ဆရာဝန်ကြီးဒေါက်တာသူရ နှင့် အထူးကုဆရာဝန်ကြီး(၁၃)ဦးပါအဖွဲ့က "မရှိ၍ မလင်းသူမရှိစေရ" ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ကျား - ၃၂၁ဦး၊ မ - ၇၂၆ဦး၊ စုစုပေါင်း - ၁၀၄၇ဦး  တို့ အား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊  အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment