Pages

Pages

အကြမ်းဖက်တွေကို ဆီရီးယားက ပြန်ပြီး ချေမှုန်းမှာပါ ဟုဆို


၂၀၂၄၊ ဒီဇင်ဘာ ၁

ဆီးရီးယားသမ္မတ ဘာရှာအာဆက်သည် ၎င်း၏နိုင်ငံမြောက်ဘက်တွင် ပျံ့နှံ့နေသော ဂျီဟတ်ဝါဒီများကို “၎င်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ မည်မျှပင်ပြင်းထန်နေပါစေ” အနိုင်ယူရန် ကတိကဝတ်ပြုလိုက်ပါသည်။  ၎င်းမှတ်ချက်သည် ဟာမာမြို့ကို တိုက်ခိုက်သူများလက်မှ ခုခံကာကွယ်ရန် ဆီးရီးယားစစ်တပ်က ပြင်ဆင်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

(HTS) အကြမ်းဖက်အဖွဲ့နှင့် မဟာမိတ်ပြည်သူ့စစ်များ စုစည်းထားသောအကြမ်းဖက်အဖွဲ့များက ဆီးရီးယားမြောက်ပိုင်းရှိ အစိုးရထိန်းချုပ်နယ်မြေကို ဗုဒ္ဓဟူးနေ့တွင် တိုက်ခိုက်ခဲ့ပြီး သောကြာနေ့တွင် HTS တိုက်ခိုက်ရေးသမားများသည် ၂၀၁၆ ခုနှစ်ကတည်းက ဆီးရီးယားအစိုးရထိန်းချုပ်မှုအောက်ရှိ အလက်ပိုမြို့သို့ ဝင်ရောက်လာခဲ့သည်။ စနေနေ့က ထုတ်ပြန်သည့် ဆီးရီးယား စစ်ဌာနချုပ်က ကြေညာချက်တွင် အဆိုပါ တိုက်ခိုက်မှုတွင်  “ထောင်နှင့်ချီသော ပြည်ပ အကြမ်းဖက်သမားများ၊ လက်နက်ကြီးများနှင့် ဒရုန်းအမြောက်အမြားတို့  ပါဝင်ခဲ့သည် ” ပါရှိသည်။  အလက်ပိုမြို့ကို ခုခံကာကွယ်နေသည့် ဆီးရီးယားတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း သိရသည်။

ဆီးရီးယားအစိုးရတပ်ဖွဲ့များသည် အလက်ပိုမြို့၌ အကျအဆုံးများပြားလာမှုကို ကာကွယ်ရန်နှင့် တန်ပြန်တိုက်ခိုက်မှုကို ပြင်ဆင်ရန် မြို့တွင်းမှ ဆုတ်ခွာသွားခဲ့ကြောင်း စစ်ဌာနချုပ်က ပြောကြားခဲ့သည်။ ဆိုရှယ်မီဒီယာပေါ်မှ အတည်မပြုနိုင်သော သတင်းများအရ ဆီးရီးယားတပ်ဖွဲ့များသည် အလက်ပိုမြို့တောင်ဘက် ကီလိုမီတာ ၈၀ ခန့်အကွာရှိ ဟာမာမြို့သို့ စတင်ရောက်ရှိနေပြီဖြစ်ပြီး တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်လျက်ရှိသည်။ ဂျီဟတ်ဝါဒီများ မြို့တွင်းသို့ ချီတက်လာစဉ် ဟားမားမြို့ဆင်ခြေဖုံးတွင် ကြိုကြားကြိုကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း တူရကီမီဒီယာများက စနေနေ့တွင် ဖော်ပြခဲ့သည်။ ဆီးရီးယားစစ်တပ်ကို အကူအညီပေးရန် အီရန်စစ်တပ်အကြံပေးတွေနဲ့ စေတနာ့ဝန်ထမ်းများက ဟားမားမြို့ကို ရောက်ရှိနေပြီဟုသိရပါသည်။  


REF: RT 

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment