Pages

Pages

မနေ့က တိုက်ပွဲမှာ ယူကရိန်းစစ်သား ၂၀၀ သေဆုံးပြီး တပ်ရင်း ၃ ရင်း လက်နက်ချဟုဆို


၂၀၂၄၊ ဒီဇင်ဘာ ၁၄ ( စနေနေ့) 

ရုရှာကာကွယ်ရေးဝန်ကြီး အဆိုအရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကာစကတ် နယ်စပ်ဒေသတွင် တပ်ရင်း၃ ရင်း လက်နက်ချခဲ့ပြီး ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များမှ စစ်မှုထမ်း ၂၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

"လွန်ခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းစစ်တပ်၏ တပ်ဖွဲ့ဝင် ၂၀၀ ကျော် ဆုံးရှုံးမှုမှာ တင့်ကားတစ်စင်း၊ အမေရိကန်လုပ် Bradley ခြေလျင်တိုက်ခိုက်ရေးယာဉ်တစ်စင်း၊ သံချပ်ကာ တိုက်ခိုက်ရေးယာဉ်တစ်စင်း၊ မော်တော်ယာဉ်ခုနစ်စီး၊ အမြောက်သေနတ်နှစ်လက်၊ မော်တာတစ်စင်းနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးစခန်း တစ်ခုတို့ဖြစ်သည်။ ယူကရိန်းတပ်ရင်း ၃ ရင်း လက်နက်ချခဲ့ပါတယ်” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှားပိုင်နယ်မြေဖြစ်သည့် နယ်စပ်ဒေသကို ယူကရိန်းစစ်တပ် ထိုးဖောက်ဝင်ရောက်ပြီးနောက် ယူကရိန်းစစ်တပ် တပ်ဖွဲ့ဝင် ၄၀,၄၆၀ ကျော် ဆုံးရှုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ခဲ့သည်။

“ကာစကတ်ရှေ့တန်းနယ်မြေ တိုက်ပွဲကာလအတွင်း ရန်သူတပ်ဖွဲ့ဝင် ၄၀,၄၆၀ဝ ကျော်၊ တင့်ကားအစီး ၂၄၀၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် ၁၇၈ စီး၊ စစ်သည်တင် သံချပ်ကာယာဉ် ၁၂၅ စီး၊ တိုက်ခိုက်ရေး သံချပ်ကာယာဉ် ၁၂၅၃ စီး၊ မော်တာတင် တိုက်ခိုက်ရေးယာဉ် ၁,၁၃၁ စီး၊ အမြှောက် ၃၁၁ စင်း၊  ဘက်စုံသုံး ရောကတ်လောင်ချာ ၄၀ ၊ အမေရိကန်ထုတ်လုပ်သည့် HIMARS  ၁၁ဒုံး အပါအဝင် MLRS ၁၁ခုကို ဖျက်စီးနိုင်ခဲ့သည် ” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


REF - TASS

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment