Pages

Pages

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/ Youth Club များ စာဖတ်ဝိုင်း ပြုလုပ်




သံတောင်ကြီး , ဒီဇင်ဘာ ၁၃


ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်း၊ အဆိုး၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးခြင်းစာအုပ်အား ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး နော်အယ်ဂေ (Book Club) မှ စာအုပ်ပါအကြောင်းအရာဖြစ်သည့် ပင်ကိုယ်စရိုက်နှင့်ကိုယ်ရည်ကိုယ်သွေး၊ ရုပ်ရည်နှင့်အရည်အချင်းဖို မကွဲပြားခြားနားမှုနှင့်ကိုယ်ရည်ကိုယ်သွေး၊ အဆိုးမြင်စိတ်ပိတ်ဆို့မှုများ၊ စိတ်ပျက်အားလျော့ခြင်း၊ ခံပြင်းခြင်း စသည့်အကြောင်းအရာများအား စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့သည်။


ဆက်လက်ပြီး နော်ဖေါလား (Youth Club) အဖွဲ့ဝင်က ကြောက်ရွံ့ထိတ်လန့်ခြင်း၊ ကိုးကွယ်ရာမဲ့သောအခြေအနေသို့ရောက်ခြင်း အတွေ့အကြုံကင်းမဲ့ခြင်း၊ အကြောင်းအကျိုးဆက်စပ်မှုကို လွဲမှားစွာနားလည်ခြင်း စသည့်တို့ကို ဖတ်ကြားပြီး Book Club / Youth Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြသည်။


အဆိုပါ စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးခြင်းစာအုပ်ကို ဖတ်ရှုခြင်းဖြင့် ကိုယ်ရည်ကိုယ်သွေးဖြစ်ပေါ်မှုနှင့်ပတ်သက်၍ ယေဘုယသဘောများသိလာခြင်း၊ ကလေးငယ်များ၏အပြုအမူသဘောထားကိုသိရှိလာခြင်း၊ လူမှုပတ်ဝန်းကျင်နှင့်ရင်းနှီးကျွမ်းဝင်စွာ နေထိုင်နိုင်ရန်သိရှိလာခြင်း စသည့် အကျိုးကျေးဇူးများကို သိရှိလာကြောင်း သိရသည်။


နော်နော်မူ

https://t.me/MyanmarNationalPost

No comments:

Post a Comment