Pages

Pages

ပြည်သူ့အကျိုးပြု EMS Myanmar ၏ (၂)နှစ်ပြည့်အထိမ်းအမှတ် ညီနောင်ပရဟိတအသင်းများတွေ့ဆုံပွဲ ကျင်းပ







ရန်ကုန်၊ ဒီဇင်ဘာ ၁၄

EMS Myanmar (၂)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော တနိုင်ငံလုံးရှိ ညီနောင်ပရဟိတအသင်းများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉:၀၀နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ မြို့ပါတ်လမ်းရှိ ရွှေမင်းသားစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ ပြည်သူ့အကျိုးပြုကဏ္ဍအဖြစ် ဖွဲ့စည်းထားသော သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ဂုဏ်ပြု မိတ်ဆက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် တက်ရောက်လာကြသော ညီနောင်ပရဟိတအသင်း တစ်သင်းစီကို အောက်စီဂျင်အိတ်(၅)အိတ်စီ လှူဒါန်းနိုင်ရေးအတွက် အောက်စီဂျင်အိတ်ပေါင်း (၇၅၀)အိတ်အားလည်းကောင်း၊ ရွှေတိဂုံဘုရား ရင်ငွေ့လှုံထားသော ဉာဏ်တော် ၉လက်မ ပန်းပေါင်းဗုဒ္ဓရုပ်ပွားတော် (၄၅)ဆူအား မဲဖောက်လှူဒါန်းပေးရန်အတွက် YMBA က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှူဒါန်းမှုများအတွက် အလှူရှင်များအဖြစ် အဖွဲ့ခေါင်းဆောင် ဦးမင်းမြတ်ဦးမှ အောက်ဆီဂျင်အိတ်(၇၅၀)အိတ် တန်ဖိုး ၁၁၂၅၀၀၀၀ကျပ်၊ ဘုရားဆင်းတုတော် (၄၅)ဆူအတွက် သဘာဝအဖွဲ့ရန်ပုံငွေမှ ၁၈၀၀၀၀ကျပ်၊ 

စုစုပေါင်း ခန့်မှန်းတန်ဖိုး မြန်မာငွေကျပ်၁၁၄၃၀၀၀၀/-(တစ်ရာတစ်ဆယ့်လေးသိန်းသုံးသောင်း)ခန့် ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တနိုင်ငံလုံးမှ ကြွရောက်လာကြသော ညီနောင်ပရဟိတအသင်းများမှ ဆရာတော်များအားနေ့ဆွမ်းဆက်ကပ်ကြပြီး EMS Myanmar မှ တည်ခင်းဧည့်ခံကျွေးမွေးသော နေ့လယ်စာဘူဖေးအား ညီနောင်မောင်မယ်များအတူတကွ ချစ်ခင်ရင်းနှီးပျော်ရွှင်စွာဖြင့် သုံးဆောင်ခဲ့ကြပြီး အခမ်းအနားကို နေ့လယ် ၁၂ ၀၀ တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment