Pages

Pages

International Migrants Day 2024 တွင် စင်ကာပူမြို့၊ မြန်မာသံရုံးမှ ပါဝင်ဆင်နွှဲ





စင်ကာပူ၊ ဒီဇင်ဘာ ၁၆

စင်ကာပူနိုင်ငံလူ့စွမ်းအားဝန်ကြီးဌာန (Ministry of Manpower-MOM) မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အထိမ်းအမှတ်ပွဲတော်ကို ၁၅-၁၂-၂၀၂၄ ရက် တွင် စင်ကာပူမြို့ Jurong Lake Gardens ၌ ကျင်းပခဲ့ရာ စင်ကာပူ အခြေစိုက် မြန်မာသံရုံးမှ ပါဝင် ဆင်နွှဲခဲ့သည်။

International Migrants Day 2024 သို့ မြန်မာသံရုံးအပါအဝင် စင်ကာမြို့အခြေစိုက် ဘင်္ဂလား ဒေ့ရှ်သံရုံး၊ တရုတ်သံရုံး၊ အိန္ဒိယသံရုံး၊ ဖိလစ်ပိုင်သံရုံး၊ သီရိလင်္ကာသံရုံး၊ ထိုင်းသံရုံး၊ ဗီယက်နမ် သံရုံး၊ အင်ဒိုနီးရှားသံရုံးနှင့် ပုဂ္ဂလိကကုမ္ပဏီများက ပြခန်းပေါင်း (၃၂) ခန်းဖြင့် ပါဝင်ပြသခဲ့ကြပြီး သက်ဆိုင်ရာ ဒေသထုတ်ကုန်များနှင့် အစားအစာများကို ခင်းကျင်းပြသခြင်းနှင့် ယဉ်ကျေးမှု တင်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စင်ကာပူ MOM ဝန်ကြီး H.E Mr. Tan See Leng တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သက်ဆိုင်ရာပြခန်းများအား အားပေး ကြည့်ရှုနှုတ်ဆက်ခဲ့ပါသည်။ မြန်မာသံရုံး၊ စင်ကာပူမြို့က မြန်မာနိုင်ငံမှထုတ်လုပ်သည့် အသင့်စား ခေါက်ဆွဲခြောက်များ၊ ကော်ဖီမစ်များ၊ မြေပဲယို၊ နှမ်းယိုများဖြင့် မိတ်ဆက်ဧည့်ခံခဲ့ပြီး၊ မြန်မာမှု လက်ရာများကို ခင်းကျင်းပြသခဲ့သည်။

ဒီဇင်ဘာလ ၁၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် အဆိုပါပွဲတော်သို့ စင်ကာပူရှိ ရွှေ့ပြောင်းလုပ်သားများနှင့် အိမ်ထောင်မှုအကူလုပ်သား ၁၀,၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment