Pages

Pages

ရွေးကောက်ပွဲမှာ NDF ပါတီက ရာနှုန်းပြည့် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်သွားမည်ဟုဆို


နေပြည်တော်၊ ဒီဇင်ဘာ ၆

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဒုတိယဥက္ကဋ္ဌ ဦးထက်အောင်ကျော် က "ကျွန်တော်တို့ပါတီက ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီဖြစ်တဲ့အတွက် မဲဆန္ဒနယ်ကျင်းပမယ့်အပေါ်မူတည်ပြီး ရာနှုန်းပြည့်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားထားပါတယ်။" ဟု ပြောဆိုသွားသည်။

ဦးထက်အောင်ကျော် က "ဒီနေ့တွေ့ဆုံပွဲမှာ အိန္ဒိယခရီးစဉ်မှာ လေ့လာခဲ့ရတဲ့ အိန္ဒိယနိုင်ငံရဲ့ဒေသန္တရ အုပ်ချုပ်ရေးစနစ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ကို ဘယ်လိုထူထောင်မလဲဆိုတဲ့အချက်၊ ရွေးကောက်ပွဲနဲ့ လုံခြုံရေးအစီအမံစတဲ့ ခေါင်းစဉ်သုံးခုကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီက ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီဖြစ်တဲ့အတွက် မဲဆန္ဒနယ်ကျင်းပမယ့်အပေါ်မူတည်ပြီး ရာနှုန်းပြည့်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားထားပါတယ်။" ဟု မီဒီယာများ၏ မေးမြန်းမှုအပေါ် ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment