Pages

Pages

ပေါက်မြို့နယ်တွင် PDF အကြမ်းဖက်သမား ၅လောင်း ရရှိ




ပေါက်၊ ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ စပါးမြှောကျေးရွာအနီး နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပေါ်ခဲ့ပြီး PDF အကြမ်းဖက်သမား ၅လောင်း ရရှိခဲ့ကြောင်း တိုက်ပွဲစုံသတင်းမှ ဖော်ပြထားသည်။

PDF အကြမ်းဖက်သမားများအသုံးပြုသည့်  လက်လုပ်သေနတ်အရှည် ၆ လက်၊ ကျည်မျိုးစုံ ၅၄ တောင့်၊ PDF ဘတ်တံဆိပ်ပါပြောက်ကျားအင်္ကျီ ၁ ထည်၊ လူနေတဲ ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်တွင် PDF အမည်ခံ နီပိန်း ပဒက် အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ခြင်း၊ အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်ခြင်း မရှိသည့် ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ ပြည်သူပေါင်းများစွာ သေဆုံးခဲ့ရသည်။

ပြည်သူ့စစ်ဖွဲ့စည်းထားသော ကျေးရွာများတွင် နီပိန်း ပဒက်အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ လိုအပ်နေသည့် အခြေအနေများကို ဒေသခံများက သတင်းမီဒီယာများမှ ဆက်သွယ်ပြောဆို၍ တာဝန်ရှိသူများထံ အကူအညီတောင်းခံမှုများ ပြုလုပ်ခဲ့ကြသည်။ တာဝန်ရှိသူများအနေဖြင့် အချိန်နှင့် တပြေးညီ ကူညီဆောင်ရွက်ပေးခဲ့ခြင်း မရှိပေ။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment