Pages

Pages

ကန့်ဘလူမြိုနယ် ရှားချောင်းရွာ နှင့် မကျီးကုန်းရွာ တို့တွင် PDF အကြမ်းဖက်သမား အလောင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ



ကန့်ဘလူ၊ ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း  ဒီဇင်ဘာလ ၁၆ ရက် နံနက် ၉  နာရီခန့်က  နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် ရှားချောင်းရွာအနီး ရောက်ရှိစဉ် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ခဲ့ပြီး PDF အကြမ်းဖက်သမား၂ လောင်း၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည် ၃၀ တောင့်၊ အိုင်ကွန် ၁ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

အလားတူ  ဒီဇင်ဘာလ ၁၆ ရက် နံနက် ၇  နာရီခန့်က  နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် မကျီးကုန်းရွာအနီး ရောက်ရှိစဉ် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ခဲ့ပြီး PDF အကြမ်းဖက်သမား ၂ လောင်း၊ M-22 သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ Drone ၂ စီး၊ Drone Gun ၂ လက်၊ ကျည် ၉၀ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည်ကာဦးထုပ် ၃ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ KIA ကျောပိုးအိတ် ၁ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment