Pages

Pages

ဖမ်းဆီးရမိ PDF အကြမ်းဖက်သမား ၃ဦး ပြစ်ဒဏ်ချမှတ်




ရွှေဘို၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ၅-၁၂-၂၀၂၄ ရက်တွင် တရားခံ(၃)ဦးအား စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

 ရွှေဘိုမြို အမှတ်(၄)ရပ်ကွက်နှင့် ဉယျာဉ်တော်ကျေးရွာတို့တွင် နေထိုင်လျက်ရှိပြီး ဝက်လက်မြို့နယ် ကျီးကန်းမြောက်ရွာမှ PDF အကြမ်းဖက်သမား နိုင်းနိုင်းနှင့်ဆက်သွယ်၍ အကြမ်းဖက်သင်တန်းတက် ရောက်ရန် သွားရောက်ခဲ့ပြီး သင်တန်းတက်ရောက်ခြင်းမရှိသော်လည်း အကြမ်းဖက်သမားများနှင့် အဆက်အသွယ်ရှိပြီး အကြမ်းဖက်အုပ်စု PDF တစ်ဦးဖြစ်ကြောင်း သိရှိလျက်နှင့် သတင်းပေးပိုရန် ပျက်ကွက်ခဲ့သည့်တရားခံ ဇွဲနိုင်ထွန်း(ခ)ကိုတူး၊ ဝေယံဖြိုး(ခ)ဖိုးဆိတ်နှင့် ပြည့်မောင်(ခ)ထက်ဝေယံတို့ ၃ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)အရ  အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

လူငယ်လူရွယ်များမှာ NLD အစွန်းရောက်များ၏ အကြမ်းဖက်လှုပ်ရှားမှုတွင် ပြည်ပြေး ဝရမ်းပြေးတို့၏ အသုံးချခံ ဖြစ်နေကြရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment