Pages

Pages

စစ်ကိုင်းမြို့နယ် ကတက်ကျွန်းကျေးရွာအနီး PDF အကြမ်းဖက် အလောင်း လက်နက် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ




စစ်ကိုင်း၊ ဒီဇင်ဘာ ၈

စစ်ကိုင်းမြို့နယ် ကတက်ကျွန်းကျေးရွာအနီးတွင် ဒီဇင်ဘာလ ၇ ရက် နံနက် ၁၀  နာရီခွဲခန့်က နယ်မြေရှင်း နေသော လုံခြုံရေးအဖွဲများသည် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက် ၁ လောင်း ရရှိခဲ့သည်။

အကြမ်းဖက်သမားများ အသုံးပြုသည့်  လက်လုပ်သေနတ်(အရှည်) ၉ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်လက်ပစ်ဗုံး ၁၀ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၂ လုံး၊ ပြောက်ကျားယူနီဖောင်း ၁ စုံတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ထိတွေ့မှုဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမား ၁ကောင် အရှင်ဖမ်းမိထားပြီး ထိခိုက်ဒဏ်ရာရများစွာဖြင့် PDF အကြမ်းဖက်အဖွဲ့ ဆုတ်ခွါထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment