Pages

Pages

USDP နှင့် United Russia ပါတီအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင်နိုဆောင်ရွက်နိုင်မည့် အခြေအနေများ ဆွေးနွေး









နေပြည်တော်၊ ဒီဇင်ဘာ ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သူ H.E.Mr Sholban Kara-Ool နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး သံအမတ်ကြီး H.E.Mr ISKANDER Azizov အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့က ပါတီဌာနချုပ်၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့်ရုရှား နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် United Russia ပါတီအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင်နိုဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်ပြီး ၁၈ ၀၀ နာရီချိန်တွင်  ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ  H.E.Mr Sholban Kara-Ool နှင့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် Park Royal Hotel တွင် ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ 

တွေ့ဆုံပွဲနှင့် ညစာစားပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးမောင်မြင့်၊ ဦးအောင်စိုး၊ ဦးလှသိန်း၊ ဦးမြင့်ကိုကို တို့တက်ရောက်ခဲ့ကြပြီး ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သူ H.E.Mr Sholban Kara-Ool နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး သံအမတ်ကြီး H.E.Mr ISKANDER Azizov နှင့်အတူ အဖွဲ့ဝင်(၁၅)ဦးတို့ တက်ရောက်ခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment