Pages

Pages

ထန်းတပင်မြို့နယ်၊ သနပ်ပင်ကျေးရွာ အမက စာသင်းကျောင်းဝင်း YMBA သြဝါဒစရိယာသံဃာတော်များနှင့် မြို့နယ် YMBA အဖွဲ့များ စုပေါင်း၍ ပန်းအလှပင်များစိုက်ပျိုး

 










ထန်းတပင်၊ ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ကတွယ်အုပ်စု၊ သနပ်ပင်ကျေးရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ ယမန်နေ့ နံနက်ပိုင်း က ခရေပန်း၊ အာစီယံသပြေ၊ ရွက်လှ၊ ဂမုန်း၊ စက္ကူပန်း၊ စံပယ်ပန်း၊ အခြားပန်းပင်(၉)မျိုး စုစုပေါင်း ( ၁၀၀)ခန့်အား မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA သြဝါဒစရိယာ ဘဒ္ဒန္တသီလာစာရ၊ တွဲဘက်အကျိုးတော်ဆောင် ဘဒ္ဒန္တ ရေဝတ၊ ဘဒ္ဒန္တ သုစိတ္တ၊ ဘဒ္ဒန္တ ပါမောက္ခတို့ဦးဆောင်၍ စိုက်ပျိုးပေးခဲ့ကြသည်။

မှော်ဘီခရိုင် YMBA ဒုဥက္ကဋ္ဌ ဦးကျော်ပိုင်၊ ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဒုဥက္ကဋ္ဌ ဦးစိန်သောင်း၊ မြို့နယ်ကင်းထောက်လူငယ်တာဝန်ခံ မြို့နယ် YMBA အတွင်းရေးမှုး ဦးရန်လင်းအောင် နှင့် သဘာဝ ဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ဝင်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှုးဦးရွှေထိုက် ရာ/ဆယ်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ ကျောင်းသူများမှ စုပေါင်း၍ ပန်းအလှပင်များ စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ဆရာတော်မှ ပန်းအလှပင်စိုက်ပျိုးကြသော ကျောင်းသူ၊ ကျောင်းသားများအား  ငါပါးသီလခံယူဆောက်တည်စေပြီး YMBA သြဝါဒဆရာတော်သံဃာတော်များက ကျောင်းသူ၊ ကျောင်းသားများအား မုန့်ဖိုးများစွန့်ကြဲပေးဝေလှူဒါန်းခဲ့ပြီး ပန်းအလှပင်စိုက်ပျိုးခဲ့မှုအား နေ့လည်း ( ၁ ၃၀) အချိန်ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment