Pages

Pages

ရွှေသောင်ယံမြို့တွင် ဆောင်းသီးနှံများပေါ်၍ ဆောင်သီးနှံစိုက်ပျိုးသူတောင်သူများ ဝင်ငွေရရှိ

 


ရွှေသောင်ယံ , ဇန်နဝါရီ ၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ရာသီပေါ်ဆောင်းသီးနှံများ စိုက်ပျိုးကြသည့်တောင်သူများ ယခုနှစ်ပြောင်းပေါ်ရာသီတွင် ပြောင်းအထွက်ကောင်း၍ ဝင်ငွေများရရှိကြသည်။


(၂၀၂၄)ခုနှစ် ဒီဇင်ဘာတတိယပတ်မှစတင်၍ ပြောင်းများလှိုင်လှိုင်ပေါ်ကာ ပြောင်းစိုက်တောင်သူများအနေဖြင့် ပြောင်းတစ်ဖူးလျှင်(၇၀၀)ကျပ် (၅၀၀)ကျပ် စသည်ဖြင့် ပြောင်းခင်းပိုင်ရှင်များ ဈေးကောင်းရရှိကြပြီး တွက်ခြေကိုက်၍ အဆင်ပြေကြသည်။


ထို့အတူ စပါးစိုက်တောင်သူများလည်း စပါးပေါ်ချိန် ပဲတောင့်ရှည်၊  ဘူး၊ ဖရုံ၊ ချဉ်ပေါင်၊ ငရုပ် အသီးအနှံစိုက်ပျိုးသူများလည်း သီးနှံပေါ်ချိန်ဖြစ်သည့်အတွက် ဆောင်းသီးနှံစိုက်ပျိုးကြသည့် တောင်သူများ ဝင်ငွေရရှိကာ အဆင်‌ပြေလျက်ရှိကြောင်း သိရသည်။


ရွှေသောင်ယံ

https://t.me/MyanmarNationalPost

No comments:

Post a Comment